Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, November 25, 2009

ကိုကြီးကျော်နဲ့ ဘောလုံးပွဲ

ကျွန်တော်ပြောဦးမယ် ကျွန်တော်ကြုံဖူးတာလေးတွေပေါ့…. ကျွန်တော့်သွားဖူးတဲ့ နတ်ကနားပွဲ အကြောင်းပေါ့…… ကျွန်တော်က နတ်တွေအကြောင်းကို ကောင်းကောင်းမသိပေမယ့် နတ်ကတဲ့ပွဲတော့ သွားကြည့်တာဝါသနာ့ပါသလားမမေးနဲ့….. “ရွှေလမ်း ငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် တို့ကိုကြီးကျော် တို့ဖေဖေကျော်” ဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျွန်တော်သွားကြည့်ချင်စိတ်တဖွားဖွားနဲ့ပေါ့…... ဘာဖြစ်လို့လဲဆိုတော့ နတ်ကနား ပေးတာက ကျွန်တော့်သူငယ်ချင်းအိမ်မှာလေ….. သူတို့အိမ်မှာ နတ်ကနားပေးတိုင်း ကိုယ်တွေလည်းပျော်တာကို…. ဘယ်မသွားချင်ပဲရှိပါ့မလဲ…..

နတ်ကနား မကမီ တစ်ရက်အလို ကတည်းက နတ်စင်ဆောက်တာတွေ ပြင်တာဆင်တာ တွေလုပ်နေတည်းက ကိုယ်တွေက အဲဒီအိမ်မှာ ၀င်လိုက်ထွက်လိုက်လုပ်နေတာဆိုတော့ ကကြမယ့်နတ်ကတော်တွေ၊ ဆိုင်းဆရာတွေ၊ မာမီတွေ အားလုံးနဲ့ရော အလှူရှင်မိသားစုနဲ့ပါ ရင်းနှီးနေတော့တာပေါ့…. ပြီးတော့ကျွန်တော့်တို အဖွဲ့ထဲမှာ ရုပ်တော်တော်ဖြောင့်တဲ့ တစ်ကောင်လည်းပါတယ်လေ….. အဲဒီကောင်နာမည်တော့ မပြောတော့ပါဘူးဗျာ….. သူ့ဖာသာအေးအေး ဆေးဆေး သင်္ဘောလိုက်ပါစေလေ….. ဟီး ဟီး ဟီး …. ….. သူ့ကိုဆို မာမီတွေက သိပ်ချစ်တာပေါ့လေ….. သားသား… သားသား…. နဲ့နေတာပဲ….. ဒီကောင်စန်းပွင့်တာကိုပြောတာပါ…..

နောက်တနေ့ မနက်မိုးလင်းလို့ နတ်ကနားက မကရသေးဘူး ကျွန်တော်က ရောက်နှင့်နေပြီလေ….. နတ်စင်အောက်က ပိတ်စနီနီအောက်မှာ အကျအန နေရာယူလိုက်တယ်ဗျာ…… အံမယ်ဒီနေရာက VIP နေရာနော်……. အလှူရှင်မိသားစုနဲ့ တော်တော်ရင်းနှီးကြတဲ့ မိတ်ဆွေတွေကိုထားတာဗျာ…… မာမီတွေကချစ်တဲ့ ကျွန်တော်တို့အဖွဲ့ကလည်း ကျွန်တော့်သူငယ်ချင်း အိမ်ရှင်ရဲ့မျက်နှာနဲ့ နတ်စင်အောက်မှာနေရာရတယ်ပေါ့……. ဒီလိုနဲ့ နတ်စပြီးကပြီဆိုကတည်းက နတ်ဝင်သည်တွေက ၀င်လာလိုက် ကလိုက် ရေနွေးကြမ်း ပဲသောက်တဲ့နတ်ရှိသလို ထန်းရည်၊ ဘီယာ၊ အရက် သောက်တဲ့ နတ်တွေလည်းရှိတာပေါ့…… နတ်ကမယ့် ဘယ်နတ်ကတော်ဖြစ်ဖြစ် သူငယ်ချင်းဖြစ်ထားပြီးသွားတော့ အားလုံးအေးဆေးပါပဲ….

သူတို့တစ်ယောက်ကပြီး နောက်တစ်ယောက်ကတယ်……. တစ်ယောက်မောသွားရင် နောက်တစ်ယောက် ၀င်ပြီးကတယ်….. နတ်ဝင်ပြီးကတဲ့နတ်ကတော် တော်တော်များများကလည်း နတ်ဝင်လာတာနဲ့လက်ထဲ ပုလင်းရောက်လာတော့တာပါပဲ…… နတ်တော်တော်များများ ဘီယာအရက်သောက်ကြတယ်ဗျာ…. သားတော်ကြီးတွေကတော့ ဘယ်စိတ်ကောင်းမလဲပေါ့…… ဘာဖြစ်လို့လဲဆိုတော့ နတ်စင်အောက်ထိုင်နေတဲ့ ကိုယ်တွေအဖွဲ့ကလည်း အင်မတန်မှ အကင်းပါတာလေ….. သူတို့အနားကိုရောက်လာတာနဲ့ ဟား… ဆိုပြီး ပါးစပ်ဖွင့်ပေးထားတာ ရေမြင်းပါးစပ်နီးနီးကို ရှိမယ်ထင်တယ်လေ….. အော်…. လူမှု့ရေးကလည်းရှိသေးတာကို ဗျာ….. ဟုတ်တယ်မဟုန်လား……. သူတို့ကလည်း ကိုယ့်အနားကိုရောက်လာတာနဲ့ ပါးစပ်ဖွင့်ထားမှတော့ ကဲသားတော်ကြီး လာထားဆိုပြီး လောင်းထည့်လိုက်တာ ရင်တွေကိုပူသွားတာပဲ….. နတ်ကတဲ့သူတွေသာ တစ်ယောက်ပြီး တစ်ယောက် လူလဲပြီးကတာလေ ကိုယ်တွေက တစ်နေကုန် လူမှမလဲရတာ ရင်တွေပူတာပေါ့…… ဟဲ ဟဲ ဟဲ

နတ်ကနားပြီးခါနီး ညနေပိုင်းရောက်တော့ ၀င်တဲ့နတ်တွေက နတ်ဟောတယ် မှန်တယ်ပေါ့လေ….. နတ်ကနေရင်နဲ့ ဟောတာ...... နောက်ပြီး ကိုယ့်အလှည့်ရောက်တော့ နတ်ကတဲ့ နတ်ကတော်တစ်ယောက်ကို မေးဖူးသေးတယ် နတ်ကနားထဲမှာပေါ့…… သူကသားတော်ကြီး ဘာသိချင်လဲ….. ဘာလိုချင်လဲ လို့မေးတယ်လေ….. ကျွန်တော်တို့အဖွဲ့တွေကလည်း တစ်နေကုန် ပါးစပ်ထဲ လာလောင်းထည့်ထားတဲ့ တံဆိပ်မျိုးစုံကို သောက်ထားကြတော့ မူးနေပြီပေါ့….. မူးတာမှ ခေါင်းတွေပါကိုက်ပြီးမူးတာ…… မှတ်မှတ်ရရ နတ်မေးမိလိုက်တာက ဒီညဘောလုံးပွဲ ဘယ်အသင်းနိုင်မလဲလို့….. အမှန်အကန်မေးတာပါဗျာ…… နောက်ပြောင်တာမဟုတ်ဘူးလေ…. ဒီတော့မှ နတ်ကတော်ကလည်းပြန်မေးတယ်ဗျာ…. ဘယ်အသင်းနဲ့ ဘယ်အသင်းလဲတဲ့….. ကျွန်တော်မှတ်မိနေတာကတော့ မာန်ယူနဲ့ လီပါပူး ကန်ကြမှာလို့ ပြောတော့ နတ်ကလည်း မာန်ုယူကိုသိတယ်ဗျာ….. “အေး အေး နင်တို့ နိုင်ရင် နတ်ကို ဘာဆက်သမှာလဲ” တဲ့ ….. ကျွန်တော်တို့ကလည်း မှန်လို့ နိုင်ခဲ့ရင် ခေါက်ဆွဲကြော် ဆက်မယ်ပေါ့….. ဒီတော့မှ နတ်ဝင်သည်ကပြောတယ် မန်ယူနိုင်မယ်တဲ့ နိုင်တာမှာ တစ်လုံးတည်းနဲ့ နိုင်မှာတဲ့ဗျာ..….. ကျွန်တော်တို့အဖွဲ့လည်း ဘယ်ရမလဲ နတ်ကနားထဲမှာတင် ချက်ချင်းကို ဖုန်းထုတ်ဆက်ပြီး လောင်းကြတာ နတ်ပွဲလာကြည့်တဲ့သူတွေလည်း လောင်းကြတာပေါ့….. သူငယ်ချင်းရဲ့ အစ်ကိုတွေလည်းလောင်းတယ်၊ အစ်မတွေတောင်ပါတယ်ဗျာ….. လောင်းလိုက်ကြတာ တော်တော်များပါတယ်….. သူတို့လမ်းထဲက လာကြည့်တဲ့သူတွေဆို ချက်ချင်းပြန်ပြေးပြီး နတ်ပေးတဲ့ဘောလုံးပွဲကို လောင်းလိုက်ကြတာ တော်တော်လေးကို အုန်းအုန်း ကြွက်ကြွက် ဖြစ်သွားသေးတယ်….. ဟဲ ဟဲ ဟဲ ….. ကိုယ်တွေမွှေလိုက်တာလေ……

ညရောက်တော့ ဘောလုံးပွဲက မိနစ်ရှစ်ဆယ်ကျော်နေပြီ တဖက်တဖက် မှ ဂိုးမသွင်းနိုင်သေးဘူးဖြစ်နေတယ်၊ ကျွန်တော်တို့ အဖွဲ့ကလည်း ခပ်ရွတ်ရွတ်တွေဆိုတော့ မမှန်လို့ကတော့ တွေ့မယ်ပေါ့.... ကြိမ်းထားကြတာ…. ပွဲပြီးခါနီး ရှစ်ဆယ့်ရှစ်မိနစ်မှ မာန်ယူအသင်းက တစ်ဂိုးသွင်းပြီး နိုင်သွားတယ်ဗျာ…… မှန်တယ်ဗျာ…… တော်တော်လည်း အံ့သြမိပါတယ်….. (အခုချိန်ထိ အဲဒီဘောလုံးပွဲကို လောင်းဖူးလို့ ပိုက်ဆံရဖူးတဲ့သူတွေ သက်ရှိထင်ရှားရှိပါသေးတယ်) “မေချစ်သား” ဆိုတဲ့သူငယ်ချင်းတစ်ယောက်ကတော့ ဒီအကြောင်းကို သေချာကိုသိတာပါ…… ကျွန်တော်တို့လည်း ဘောလုံးပွဲပြီးတော့ ကိုယ့်ကတိအတိုင်းတော့ ချက်ချင်းသွားပြီး ခေါက်ဆွဲကြော်တော့ အပြေးအလွှားလေး ဆက်သလိုက်ရပါတယ်…… မဆက်သလို့ မဖြစ်ဘူးလေ..... နတ်ကိုင်ရင် ဘာဖြစ်တယ်ဆိုလား ကြားဖူးတာပဲ..... ပြီးတော့ အဲဒီနေ့ကလည်း နတ်တွေတိုက်လို့ တော်တော်လေး သောက်မိလိုက်ပါတယ် ….. နတ်တွေက ကိုယ်တွေကို ချစ်တာကို….. ဘယ်တတ်နိုင်ပါ့မလဲ….. တစ်ခါမှ ဒီလောက်အမျိုးစုံအောင် မသောက်ဖူးတာပါဗျာ….. ထန်းရည်၊ ဘီယာ၊ ရမ်၊ ဂျင်၊ ၀ီစကီ၊ အရက်ဖြူ စုံနေတာပါပဲ….. ဒါကြောင့်မိုလို့ပြောတာပေါ့ နတ်ကနားထဲမှာ အရက်သောက်ရင် မမူးဖူးဆိုတာ မယုံဘူးလို့…..

“နောက်တစ်နေ့မနက် ပြန်တွေ့တော့မှ နတ်ကတော်က နင်တို့က မူးနေတော့ ကိုကြီးကျော်က ချစ်တာပေါ့တဲ့”

မှတ်ချက် ….. (ဘလော့ဂါတွေ ထဲမှာလည်း နတ်သီချင်းနဲ့ကဖူးတဲ့ အစ်ကိုတစ်ယောက်ရှိတယ်ဗျာ….. ဘယ်သူဖြစ်မလဲ ခန့်မှန်းကြပါကုန်သော်….. သူကမြန်မာစကားမပြောတဲ့ နိုင်ငံမှာနေတယ်ဗျာ…..)

Wednesday, July 1, 2009

ပြုံးရယ်စရာဟာသ (၁)

(၁)မီးအားကျနေလို့


Customer : ကျွန်တော့်ကွန်ပျူတာ ဘာဖြစ်သွားလဲမသိဘူး

Technician: ဟုတ်ကဲ့ ဘယ်လိုဖြစ်သွားတာလဲ ခင်ဗျာ ကျွန်တော်ကြည့်လိုက်ဦးမယ်။ Power မ၀င်တော့ဘူး ဖြစ်နေတယ်။

Customer : ဟုတ်လား ဘာမှတော့အမှား မလုပ်မိပါဘူး။

Technician: ဒီမှာ Power Supply က 110 Volt ဖြစ်နေတယ်လေ၊ 110 Volt ပြောင်းလိုက်လို့လောင်သွားတာပါ။

Customer : ဘာကွ 110 Volt ပြောင်းလိုက်လို့ လောင်သွားတာဟုတ်လား၊

Technician: ဟုတ်ပါတယ်၊ မီးအားက 220 Volt သုံးတာလေ။

Customer : မင်းက ငါ့ကို ငတုံး ထင်လို့လား၊ ငါမီးအားကို ကြည့်ပြီးပြီ 90 Volt ပဲဝင်တယ်ကွ။



(၂) Screen Saver ထည့်ပေးပါ


Customer: မောင်လေး အစ်မရဲ့ ကွန်ပျူတာမှာ Screen Saver ထည့်ပေးပါနော်။

Technician: ဟုတ်ကဲ့ အစ်မ ဘယ်ကွန်ပျူတာမှာ ထည့်ပေးရမှာလဲ။

Customer: အစ်မ အခုယူလာခဲ့တယ်......ခဏနော်.....သွားယူလိုက်ဦးမယ်..

Technician: ဟုတ်ကဲ့ပါ။

Customer: ရော့.....မောင်လေး ဒီကွန်ပျူတာထဲမှာ ထည့်ပေးနော်။

Technician:အာ.... အစ်မ ဒီဟာက မော်နီတာလေ... Screen Saver ဆိုတာက PC ထဲမှာ Install လုပ်ရတာလေ။

Customer: မဟုတ်ပါဘူး အစ်မက Screen Saver ကို ဒီမော်နီတာ မှာပဲပေါ်ချင်တာလေ....




(၃) နီကေးဝေါ်


တစ်ခါတုန်းကပေါ့ Computer Center တစ်ခုမှာ တရုတ်လူမျိုး တစ်ယောက်ကွန်ပျူတာ လာဝယ်ပါတယ်။ Sales Center ကအရောင်းစာရေးမလေး တစ်ယောက်က တရုတ်လို နည်းနည်းတတ်တယ်လေ။ ဟိုတရုတ်လူမျိုးကလည်း အင်္ဂလိပ်လို မပြောနိုင်တော့ သူ့ကိုပဲအားကိုးရတော့တာပေါ့။

ကွန်ပျူတာကို စိတ်ကြိုက်ဝယ်ပြီးတော့ ပိုက်ဆံရှင်းတဲ့ အခါမှ တရုတ်လိုတတ်တဲ့ အရောင်းစာရေးမလေး ရဲ့စကားကြောင့် တရုတ်လူမျိုးကြီးနားမလည်နိုင်တော့တာပေါ့။ အရောင်းစာရေးမလေး ပြောလိုက်တာက....

"နီကေးဝေါ် တန်း အစိမ်း"

တရုတ်ကြီးလည်း နားမလည်ဘူးပေါ့ ဘာတွေပြောလည်း မသိဘူးလို့ပြောတယ်။ စာရေးမလေးကလည်း သူပြောတာနားမလည်ရကောင်းလားပေါ့...ထပ်ပြောတယ်....

"နီကေးဝေါ် တန်း အစိမ်း"
"နီကေးဝေါ် တန်း အစိမ်း"

အမှန်တော့ သူပြောလိုက်တာက "ငါ့ကို ဆယ်ဒေါ်လာ ပေးပါ" လို့ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ရဲ့ ဘန်းစကားနဲ့ တရုတ်လူမျိုးအစစ်နဲ့ တွေ့သွားလို့ နားမလည်တော့တာပေါ့။

နီကေးဝေါ် = ငါ့ကိုပေးပါ
တန်း = ၁၀
အစိမ်း = ဒေါ်လာ

(တရုတ်လို အသံထွက်မှားရင်ပြင်ပေးကြပါနော်)



(ကျွန်တော် ကွန်ပျူတာစင်တာ မှာ အလုပ်လုပ်တုန်းက ကြုံခဲ့တာလေးတွေပါ)